နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

နမ္မတူ ဇွန် ၁၆

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင်အိမ်တွင်းမှုလုပ်ငန်းဖြင့် မိသားစုဝင်ငွေရရှိစေရေးရည်ရွယ်၍ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဒေါ်သီတာဌေးမှ ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်ရာတွင် လိုအပ်သောပစ္စည်းအမည် (၇)မျိုးအား ရှင်းလင်းပြောကြားကာ ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ဒေသခံပြည်သူ (၁၀)ဦးတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများအား တစ်ဦးလျှင် ဘက်စုံသုံးဆပ်ပြာဆီတစ်ဗူးနှုန်း အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)