အင်တော ဇွန် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် အင်တောမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ပန်းအလှထိုးနည်းသင်တန်းကို ယမန်နေ့နံနက် ၉နာရီ က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စတင်ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့် အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းမော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ပြောကြား သည်။ ဆက်လက်၍ သင်တန်းအလှထိုးနည်းသင်တန်းပြဆရာမက ပန်းအလှထိုးနည်းဖြစ်သည့် စက်ဝိုင်းပုံပန်း ထိုးနည်း၊ ယပ်တောင်းပုံပန်းထိုးနည်း၊ နှစ်ဖက်လှပန်းထိုးနည်း၊ တစ်ဖက်လှပန်း ထိုးနည်း၊ ပန်းအနိမ့်ထိုးနည်းများကို အခြေခံမှစ၍ သိရှိနားလည်သည်အထိ လက်တွေ့သရုပ်ပြ ထိုးနည်းများအား ရှင်းလင်းပို့ချပေးကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ အင်တောမြို့အတွင်းရှိ ရပ်ကွက်များမှ ပန်းအလှထိုးစိတ်ဝင်စားသူ သင်တန်းသူ စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ပြီး (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)