ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

ပန်ဆိုင်း(ကြူကုတ်) ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်()နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဝန်ထမ်းများမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးနှံသူများ စာရင်းမှတ်တမ်းများအား ကောက်ယူရေးသွင်းကာ ကျောင်းသား/သူများ၏ ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ပြီး မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်များဖြင့်  ကျောင်းသား(၁၀၀)ဦး ကျောင်းသူ(၈၈)ဦး စုစုပေါင်း(၁၈၈)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇင်မာဖြိုး(ပန်ဆိုင်း)