တောင်ဥက္ကလာပမြို့နယ်၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

တောင်ဥက္ကလာပ ဇွန် ၁၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရန်၊ ကောင်းမွန်သော ရည်မှန်းချက်ထားရှိရန်၊ အနာဂတ်‌ကောင်းစားစေရန်၊ ယနေ့ခေတ်လူငယ်လူရွယ်များ၏ အကျင့်စိတ်ဓာတ်နှင့် စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စား ဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား အသိပညာဗဟုသုတရရှိစေရန်၊ လူငယ်များမူးယစ်ဆေးဝါးနှင့်ပက်သတ်ပြီး ရှောင်ရှားနိုင်ရန်နှင့်  လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်ရန်အတွက် အသိပညာဗဟုသုတများကို ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများ၊ ကျောင်းသား၊ ကျောင်းသူများတက်‌ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထက်ထက် (ပြန်/ဆက်)