ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ဒဂုံမြောက်    ဇွန်     ၁၅

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်()နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား/သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု  ရရှိစေရန်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် အမှတ်(၅၁) ရပ်ကွက်ရှိ အမှတ်() အခြေခံပညာမူလတန်းကျောင်းမှ  ကျောင်းသား/ကျောင်းသူများအား (Sinopharm) ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ရပ်မိရပ်ဖများမှ သွားရောက်ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောင်းသား/ကျောင်းသူလေးများအား လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ()နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ဇွန်လ ရက်နေ့မှစတင် ထိုးနှံပေးခဲ့ရာ ဇွန် ၁၄ ရက်နေ့အထိ ကျောင်းသား/သူ (၅၃၃၆)ဦးအား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်သည်။ ကျန်ရှိသည့် အသက် () နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  မြို့နယ်ပညာရေးဌာနမှ သိရသည်။

မြင့်မြင့်ရီ