၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ(၃၃၆၄၇)ဦးတက်ရောက်

တွံတေး ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာကျောင်းများသို့ ယမန်နေ့အထိကျောင်းအပ်လက်ခံရာ ကျောင်းသား၊ ကျောင်းသူ (၃၉၂၉၄)ဦး လာရောက်အပ်နှံထားကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask နှင့် Face Shield စသည့်ပစ္စည်းများကို နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တွံတေးမြို့နယ်တွင် ယမန်နေ့အထိ မူလတန်းအဆင့်တွင် ကျောင်းအပ်နှံထားသူ(၂၈၇၁၂)ဦးတွင် ယမန်နေ့အထိကျောင်းလာရောက်တက်သူ(၂၄၃၁၉)ဦး၊ အလယ်တန်းအဆင့််(၈၆၀၀)ဦးတွင်(၇၅၉၈)ဦး၊ အထက်တန်းအဆင့််(၁၉၈၂)ဦးတွင် (၁၇၃၀)ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။

အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၉၂၉၄)ဦးအထိ ကျောင်းလာရောက်အပ်နှံထားပြီး အေးချမ်းပျော်ရွှင်စွာကျောင်းတက်နေသူ(၃၃၆၄၇)ဦး တက်ရောက်ပညာသင်ယူနေကြောင်းသိရှိရသည်။

တွံတေးမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူ ကျောင်းပေါင်း(၂၁၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်(၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်း၊ စာသင်ကျောင်းစုစုပေါင်း(၂၁၉)ကျောင်းရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)