တွံတေး ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြကို ယနေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁)ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသား / သူများအနေဖြင့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပိုစတာများ၊ ကွမ်းစားသုံးခြင်း၏ ဆိုးကျိုးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များ၊ မူးယစ်ဆေးဝါး အကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတားများ ပြသထားကြောင်း သိရသည်။
မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြုလုပ်ရခြင်းမှာ မြို့နယ် အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်အကြောင်းကို သိရှိပြီးရှောင်ရှားနိုင်စေရန်အတွက် နံရံကပ် စာစောင်ပြသခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား