ကျေးသီးမြို့နယ်တွင်အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်

ကျေးသီး ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ( ၁၀ )နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလွင်က  အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် အသက် ၈၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွား၊ စုစုပေါင်း(၂၅၀)ဦးအား (ဧပြီ.မေ.ဇွန်)လအတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးနိုင်ရန်အတွက် ထောက်ပံ့ငွေများအား မြို့နယ်လူမှု့ဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လွင်နှင့် ဝန်ထမ်းများကသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ရာ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် ရပ်/ကျေးစာရေးများ လက်ခံရယူခဲ့ကြောင်း သိရသည်။

သဲစုပိုင်(ကျေးသီး)