လသာ ဇွန် ၁၅
လသာမြို့နယ် အ.ထ.က(၂)ကျောင်း မြညီလာခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းသား/သူများအား သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁:၀၀)နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီသင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်းမှ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများအား အကျယ်တဝင့်ရှင်းလင်းပြောကြားကာ ကျောင်းသား/သူ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နီနီအောင်