မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဝန်ထမ်းသက်သာ ငါးမွေးမြူရေးကန် အတွင်းသို့ ငါးသားပေါက်မျိုးစိတ် ထည့်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဇွန် ၁၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဝန်ထမ်းသက်သာ ငါးမွေးမြူရေးကန်အတွင်းသို့ ငါးသားပေါက်မျိုးစိတ်ထည့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက ဝန်ထမ်းသက်သာ ငါးမွေးမြူရေးကန်အတွင်းသို့ ငါးသားပေါက်မျိုးစိတ်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက ဝန်ထမ်းသက်သာ ငါးမွေးမြူရေးကန်အတွင်းသို့ ငါးကောင်ရေ ၃၀,၀၀၀ ကို စိုက်ထည့်ခဲ့ကြောင်းသိရသည်။

အဆိုပါ  ငါးသားပေါက်မျိုးစိတ်ထည့်ပွဲအခမ်းအနားသို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊  ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)