နမ့်စန်မြို့နယ် မိုင်းစိတ်ကျေးရွာအုပ်စုတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) ပေးအပ်ပွဲကျင်းပ

နမ့်စန်(တ) ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သက်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးက လယ်ယာမြေ လုပ်ပိုင်ခွင့် ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက မြို့နယ်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များ လျှောက်ထားမှု၊ ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် ဥပဒေ၊ နည်းဥပဒေများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး၊  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက မိုင်းစိတ်ကျေးရွာအုပ်စု၊ ဘန့်ဟင်ကျေးရွာအုပ်စု၊ ဟိုရမ်းကျေးရွာအုပ်စုနှင့် ပိန်းဆယ်ကျေးရွာ အုပ်စုတို့မှ စုစုပေါင်း တောင်သူ ၂၉၆ ဦးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များကို ပေးအပ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက လက်ခံရယူခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)