ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်

ချောင်းဆုံ ဇွန် ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပညာရေးဌာနမှ ဒုတိယပညာရေးမှူး ဦးမျိုးသိုက်က ပညာရေးကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ (လယ်စီ/အင်း)ဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်က လယ်ယာမြေစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် ကဏ္ဍများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများအားလည်းကောင်း၊ သင်တန်းဆရာ(၃)ဦးမှ သင်တန်းပို့ချခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူး (၄၆)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)