ခရမ်း ဇွန် ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်း ဆေးကုသပေးခြင်း (အခမဲ့) ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်နှင့် အဖွဲ့က ရပ်ကွက်နေ ပြည်သူများ၏ ကျန်းမာရေးကို ရှေ့ရှု၍ ပြည်သူ (၁၅)ဦးတို့အား တိုင်းဆေးပညာရပ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ရာသီတုပ်ကွေး ဖျားနာနှင့် အကြောတက်ရောဂါ၊ ဒူးနာ၊ ခါးနာရောဂါ၊ ဇက်ကျီးပေါင်း၊ လေငန်းလေဖြတ်ရောဂါ အာရုံကြောအားနည်းခြင်း၊ အဆစ်ရောင်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အနာပေါက်ရောဂါ စသည်တို့ကို (အခမဲ့) ကုသပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)