သုံးခွမြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေး သတိပေးတားမြစ်ချက် ပိုစတာစိုက်ထူခြင်းနှင့် အသိပညာ‌ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

သုံးခွ ဇွန် ၁၅

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝငါးသယံဇာတ ထိန်းသိမ်းရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ သဘာဝငါးသယံဇာတထိန်းသိမ်းရေး သတိပေးတားမြစ်ချက် ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ် ၁၁ရပ်ကွက် ဆိပ်ကမ်းသာလမ်း မော်တော်ဆိပ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများက သဘာဝ ငါးသယံဇာတများကို ထိခိုက်စေနိုင်သော မေလနှောင်းပိုင်း၊ ဇွန်၊ ဇူလိုင် (ငါးရစ်ငါးသန်ကာလ) အတွင်း ငါးဖမ်းဆီးခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့် ငါးဖမ်းခြင်း၊ လျှပ်စစ်ဓာတ်ဖြင့် ငါးဖမ်းခြင်း၊ (ဘတ္ထီကျင်စက်)ဖြင့် ငါးဖမ်းခြင်း၊ အဆိပ်အ‌တောက်ဓာတုပစ္စည်းနှင့် ယင်းကဲ့သို့ အန္တရာယ်ဖြစ်စေသော ပစ္စည်းဖြင့်ငါးဖမ်းခြင်း (သို့မဟုတ်) အကျိုးဖျက်ဆီးခြင်း၊ တားမြစ်ထား‌သော ငါးဖမ်းနည်း (သို့မဟုတ်) ငါးဖမ်းကိရိယာဖြင့် ငါးဖမ်းခြင်း၊ တားမြစ်ထား‌သောငါးမျိုး (သို့မဟုတ်) ငါးအရွယ်အစားကို ဖမ်းဆီးခြင်းများ ကျူးလွန်ပါက ရန်ကုန်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ ၅၆အရ၊‌ ထောင်ဒဏ် ၃နှစ်အထိဖြစ်စေ၊‌ ငွေကျပ် ၃သိန်းထိဖြစ်စေ ပြစ်ဒဏ် ၂ရပ်လုံးဖြစ်စေ ပြစ်ဒဏ်များကျခံစေနိုင့်သည့် သတိပေးတားမြစ် နှိုးဆော်ချက် ပိုစတာများအား ပြည်သူများသိရှိနိုင်စေရေး စိုက်ထူခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)