မန်တုံ ဇွန် ၁၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်၉ နာရီခွဲ အချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၈)၊ အမှတ်(၁၂)၊ ဒေါက်တာလွင်သန့် ရေးသားသည့် အစားအစာနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ကျန်းမာရေးအတွက် ညီညွတ်မျှတဲ့အစာကို လိုအပ်ချက် အတိုင်း လုံလောက်စွာ စားသုံးနိုင်ရန်ရည်ရွယ်၍ အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး အစားအစာဟာ ကိုယ်ခန္ဓာအတွက် လောင်စာဆီဖြစ် ကြောင်း၊ လူသားတို့ စားသုံးတဲ့အစားအစာများကို အုပ်စုငါးမျိုးခွဲခြားနိုင်ကြောင်း၊ ကစီဓာတ်များတဲ့ အစာမျိုးဖြစ်ကာ ကိုယ်ခန္ဓာအတွက် စွမ်းအင်ကိုပေးတဲ့အစားအစာဖြစ်ကြောင်း၊ ဗီတာမင်မှာ ကိုယ်ခန္ဓာရဲ့အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေမှာ အသုံးချဖို့လိုအပ်တဲ့ ဓာတုဒြပ်ပေါင်းတွေဖြစ်ကာ အနည်းငယ်စီမျှ လိုအပ်ကြောင်း၊ ဗီတာမင်တို့မရှိပါက ကိုယ်ခန္ဓာယန္တရားလည်ပတ်ဖို့ မဖြစ်နိုင်သလို ဗီတာမင်ချို့တဲ့နေလျှင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါကြောင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တို့ကို ထပ်မံဆုံးရှုံးမှုမရှိလို့ ဆီး၊ ဝမ်းနဲ့အတူ ပါသွားနိုင်ကြောင်း၊ လိုအပ်တဲ့ဗီတာမင်များ ပိုလျှံအောင် မဖြည့်တင်းသင့်ပါကြောင်း ဆွေးနွေးခဲ့ပြီး ဒေါ်လွေးအေးတင် (ဒုတိယဦးစီးမှူး)မှ လူသားတို့အတွက် နေ့စဉ်လှုပ်ရှားသွားလာ အသက်ရှင်သန်ဖို့ ကယ်လိုရီ လိုအပ်ပေရာ၊ ကစီဓာတ်၊ အဆီဓာတ်၊ အသားဓာတ်ကနေ နေ့စဉ်ပေးစွမ်းနေတာဖြစ်ကြောင်း၊ အဟာရ ချို့တဲ့လို့ ကယ်လိုရီအပြည့်အဝ မရရှိတော့လျှင် လူရဲ့ကျန်းမာရေးနဲ့ စွမ်းပကားပျက်စီးနိုင်လို့ ရောဂါပိုးများ လွယ်ကူစွာဝင်ရောက်နိုင်ပါတယ် သည့်အတွက် ခန္ဓာကိုယ်မှလိုအပ်တဲ့ အစားအစာနဲ့အာဟာရကို နေ့စဉ်အချိန်မှန်စားပေးဖို့ မလွဲမသွေလိုအပ်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)