ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပုံပြောပြိုင်ပွဲ ကျင်းပ

ဒေါပုံ  ဇွန်  ၁၅

ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန       ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား/သူများအား ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့် အလေ့အထများ၊ လူအများနှင့်ပြောဆိုရာတွင် ပြောရဲသည့် အလေ့အကျင့်များရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်ရည်ရွယ်၍ ပုံပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါပုံမြို့နယ် ဒုတိယဦးစီးမှူး ဒေါ်သူဇာ၀င်းက ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အလက () ကျောင်းမှ ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ရာ ဆုရရှိသူ ကျောင်းသား/သူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သူဇာ၀င်း