သီပေါမြို့နယ်တွင်ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်

သီပေါ ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)   ကျောက်မဲခရိုင်၊   သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ  ရုံးရှေ့မြေစိုက်ပြဘုတ်တွင် ယနေ့နံနက်(၁၀)နာရီက လမ်းသွားလမ်းလာပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များ အသစ်လဲလှယ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးအသိပညာပေးဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်ရရှိလာမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သောဆောင်ပုဒ်များ၊ စိတ်ကြွရူးသွပ်ဆေးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ အသိပညာပေးမှတ်တမ်းပုံများ၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးကြိုးလျှပ်စီးဘေးစသည့် သဘာဝဘေး အန္တရာယ်များကျရောက်ပါက ဆောင်ရန်၊ရှောင်များပါသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပြသထားလျက်ရှိကြောင်း၊ လမ်းသွားလမ်းလာပြည်သူများမှ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို မြို့နယ်ပြန်/ဆက်ဝန်ထမ်းများမှ လစဉ်ကဏ္ဍအလိုက် အသစ်လဲလှယ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)