ရန်ကုန် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနက ၂၀၂၂-ခုနှစ် မိုးရာသီသစ်တောသစ်ပင် စိမ်းလန်းစိုပြည်ရေးအတွက် မင်္ဂလာဒုံမြို့နယ်၊ ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၄၀၀၀၀)ပင်ကို ပျိုးထောင်စိုက်ပျိုးထားရှိပြီး ဒေသခံပြည်သူများထံ ဖြန့်ဝေပေးလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ သစ်တောဦးစီးမှူးထံမှ သိရသည်။
အဆိုပါပျိုးဥယျာဉ်တွင် သစ်မျိုး(၁၀)မျိုးဖြစ်သော ကျွန်း (၄၀၀၀)ပင်၊ မဟော်ဂနီ (၆၀၀၀)ပင်၊ မန်ဂျန်ရှား (၁၅၀၀၀) ပင်၊ ပျဉ်းကတိုး (၂၅၀၀) ပင်၊ ခရေ (၂၅၀၀)ပင်၊ စိန်ပန်း (၂၅၀၀)ပင်၊ မယ်ဇလီ (၂၀၀၀) ပင်၊ ကံကော်(၁၀၀၀) ပင်၊ ပျဉ်းမ (၃၅၀၀)ပင်နှင့် ပိတောက် (၁၀၀၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း (၄၀၀၀၀)ပင်တို့ကို ၂၀၂၁- ခုနှစ် ဇီဇင်ဘာလမှစတင်ပျိုးထောင်ထားရှိပြီး ၂၀၂၂-ခုနှစ် ဇွန်လမှစတင်ကာ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်များရှိ ဘုန်းကြီးကျောင်းများ၊ တပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစည်သူလင်းထံမှ သိရသည်။
ဇွဲထက်ကို( ပြန်/ဆက်)