ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မချမ်းဘော့မြို့နယ် ထရန်ဒမ်းကျေးရွာအုပ်စု အတွင်းရှိ ကျေးလက်နေပြည်သူများတွေ့ဆုံ

ပူတာအို ဇွန် ၁၅

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပူတာအိုခရိုင် မချမ်းဘောမြို့နယ်၊ ထရန်ဒမ်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံကျေးလက်နေ ပြည်သူများနှင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ ညနေပိုင်းက ထရန်ဒမ်းကျေးရွာ နမ်ဆာရ်ခန်းမ၌ တွေ့ဆုံပွဲကျင်းပခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းရင်းသားရေးရာန်ကြီး ဦးကျော်မင်းခိုင်တို့က ဝန်ကြီးဌာနအလိုက် တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များကို အသီးသီး မိတ်ဆက် ရှင်းလင်း‌ပြောကြားကြသည်။

ယင်းနောက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးလက် နေပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် န်ကြီးများက ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များအပေါ်      ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့င်များ၊ မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့င်များ၊ ဌာန ဆိုင်ရာများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းဖြည့်ဆည်း‌ ဆောင်ရွက်ပေးနိုင်ရေး ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက် ၈ နာရီက ပူတာအိုမြို့ စက်မှုလက်မှု သိပ္ပံကျောင်းအတွင်း ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ပတ်န်း ကျင်စိမ်းလန်းစိုပြေလာစေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ကြသည်။

မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် အတူ ဒေသနှင့် ကိုက်ညီပြီး မြေဆီမြေဩဇာတိုးပွားစေကာ အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွမ်းမိုးမှုများကို ထိန်းသိမ်း ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိ‌စေရေး ပျဉ်းကတိုး (၁၀၀)ပင်၊ သစ်အယ် (၁၀၀)ပင်၊ ရေပိတုန်း/ သစ်လင်းလွန်း (၁၀၀)ပင် စုစုပေါင်းပျိုးပင် (၃၀၀)ကို တပျော်တပါး စု‌ပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများ၏ စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားယဉ်ကျေးမှုပြ တိုက်သို့သွား ကွန်ကရစ်လမ်း ရေရှည် ခိုင်ခံ့နိုင်ရေးအတွက် ကွန်းကရစ်လမ်းဘေးဝဲ/ယာ ကွန်ကရစ်လမ်း ရေနုတ်မြောင်းတည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်