ချမ်းမြသာစည် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၅x၁၀၆ကြား၊ လမ်း၆၀ ရှိ သူနာပြုသင်တန်းကျောင်း (မန္တလေး)၏ (၃၀)ကြိမ်မြောက်နှင့် သူနာပြုနှင့်သားဖွားသင်တန်း ကျောင်း(ကလေး)၏ (၅)ကြိမ်မြောက် ပထမနှစ်၊ သူနာပြု/သားဖွားဒီလိုမာ သင်တန်းသား/ သူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ဇွန် ၁၄ရက်နေ့ နံနက် ၉:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပါမောက္ခ ဒေါက်တာစန်းစန်းဦးကအဖွင့်အမှာစကားပြောကြားပြီး သူနာပြုနှင့်သားဖွားသင်တန်း(ပထမနှစ်) သင်တန်းသား/သူများအား ဂျုတီကုတ်နှင့်ဦးဆောင်း အပ်နှင်း ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ သင်တန်းကျောင်းအုပ်ကြီး ပါမောက္ခဒေါက်တာ စန်းစန်းဦးနှင့် ဆရာ/မများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/သူများ စုစု ပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)