မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အိမ်တွင်းမှုလက်ရာ ဆပ်ပြာဆီပြုလုပ်နည်းပြသ

မန္တလေး ဇွန် ၁၅

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ပူးပေါင်း၍ အိမ်တွင်းမှုလက်ရာလုပ်ငန်း တစ်ခုဖြစ်သည့် ဆပ်ပြာဆီပြုလုပ်နည်းကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ပြုလုပ်ပြသသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက "မိမိတို့အိမ်တွင်းဝင်ငွေတိုးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ဖို့၊ မိမိတို့ကိုယ်တိုင်ပြုလုပ်သုံးစွဲကြတဲ့အတွက် အပိုကုန်ကျငွေသက်သာစေဖို့၊ မိမိတို့ကိုယ်တိုင် ကုန်ကြမ်းဝယ်ယူပြီး ပြုလုပ်ရတဲ့အတွက် အိမ်သုံးစရိတ်တွက်ခြေကိုက်စေဖို့နဲ့ အားလပ်ချိန်မှာ အတတ်ပညာ တစ်ခုကို ရရှိစေဖို့စတဲ့ရည်ရွယ်ချက်များနဲ့ သင်ကြားပြသပေး ခြင်းဖြစ်ပါတယ်" ဟုရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါ အိမ်တွင်းမှုဆပ်ပြာဆီပြုလုပ်ပြသခြင်းကို စိတ်ပါဝင်စားသူ (၈) ဦး တက်ရောက်ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)