ပုသိမ်ကြီး ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဦးဇင်မင်းထွန်းမှ ပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းကာ မူးယစ်ဆေးဝါးဆိုင်ရာသိကောင်းစရာများ၊ စိတ်ကြွဆေးပြား သုံးစွဲခြင်းဖြင့်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးကို သုံးစွဲမိလျှင် ဘာကြောင့်ဖြတ်ဖို့ခက်တာလည်း၊ မူးယစ်ဆေးဝါးရောင်း၀ယ်သုံးစွဲသူများအတွက် ချမှတ်ထားသည့်ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးများပပျောက်ရေး နိုင်ငံတော်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လူငယ်လူရွယ်များသိရှိလိုက်နာ ရှောင်ကြဉ်နိုင်စေရန်အတွက် ရည်ရွယ်၍ရှင်းလင်းပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိစာကြည့်တိုက်ကို အသုံးပြုနေကြသည့် လူငယ်လူရွယ်များမှ "မူးယစ်ဆေးဝါးအန္တရာယ်ဒို့ကာကွယ်" ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)