နမ့်ဆန်မြို့နယ်၌  အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ

နမ့်ဆန် ဇွန် ၁၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ  ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုစဉ် ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမက(၄)ကျောင်း    တွင်အသက်(၅)နှစ်မှ (၁၂)နှစ် အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့်ဆရာ/မများက    ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းလမ်းညွှန်ချက်များနှင့်အညီ  နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း ကျန်းမာရေးစစ်ဆေးခြင်း   မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာ ပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးပြီးနောက် ကျောင်းသား/သူများအား မိနစ် (၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

နမ့်ဆန်မြို့  အမက(၄)ကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ  ကာကွယ်ဆေးထိုးရန် ကျောင်းသား/သူ (၃၅)ဦးထိုးနှံပြီးစီးပြီဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား/သူမျာအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် နမ့်ဆန်မြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး (Sinopharm)ကို ဇွန်လ(၇)ရက်မှစတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား(၉၉)ဦး၊ ကျောင်းသူ (၁၀၀)ဦး၊ စုစုပေါင်း(၁၉၉)ဦးတို့အားထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း နမ့်ဆန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်