ကျောက်တံတားမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဆက်လက် ထိုးနှံပေး

ကျောက်တံတား ဇွန် ၁၅

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ် နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အ​​နောက်ပိုင်း ခရိုင်၊ ‌ကျောက်တံတားမြို့နယ်အတွင်းရှိ အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ကာပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်​နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့ပူး​ပေါင်း ကူညီဆောင်ရွက်မှုဖြင့် ​ကျောင်းသား (၁၃) ဦး၊ ကျောင်းသူ (၂၀) စုစုပေါင်း (၃၃) ဦးအား ကာကွယ်​ဆေးထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)