မက်မန်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(sinopharm)ထိုးနှံပေး

မက်မန်း ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (sinopharm) ထိုးနှံခြင်းကို ၂၀၂၂ခုနှစ် ဇွန်လ(၁၄)ရက်နေ့က အ.ထ.က မက်မန်းကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/သူ(၁၈၈)ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(sin0pharm)ထိုးနှံခြင်းကို မက်မန်းမြို့ မြို့နယ်ဆရာဝန် ဒေါက်တာစိုးမိုးအောင်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကျေးစာရေးနှင့်ဆရာ/ဆရာမများက အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ သူများအား စနစ်တစ်ကျစာရင်းပြုစု၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဆေးထိုးပြီးကျောင်းသား/သူများအား သီးခြားနားနေခန်းတွင် နာရီဝက်ခန့်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(sinopharm) ထိုးနှံမည့် ကျောင်းသား/သူ(၂၂၅၆)ဦးခန့်ရှိပြီး ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)