မိုးနဲမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

မိုးနဲ ဇွန် ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား (ဧပြီ၊ မေ၊ ဇွန်)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က နောင်ကျော့ရပ်ကွက်ရှိ ဘိုးဘွားများထံ သွားရောက်ထောက်ပံ့ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သုံးလလျှင် တစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ (ဧပြီ၊ မေ၊ ဇွန်)လများအတွက် မိုးနဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၁၂ ဦးကို တစ်ဦးလျှင် လူမှုရေးပင်စင်ငွေကျပ် (၃)သောင်းနှုန်းဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေဝန်ထမ်းများနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ဘိုးဘွားများလက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိရာ အားလုံးထောက်ပံ့ပေးအပ်ပြီးကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)