မိုင်းဆတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းဆတ် ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့်ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီခွဲက စာရေးဆရာ အောင်သင်း၏ “အားနေသောလက်များ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာအောင်သင်း၏ “အားနေသောလက်များ” စာအုပ်ထဲမှ လောကနီတိလမ်းညွှန်အတိုင်း မိမိအားနေသောစိတ်၊ အားနေသောလက်များကို အလကားမထားဘဲ ထူးခြားစွာ သတိပြုသုံးစွဲသော ယနေ့ခေတ်လူငယ်များသည် အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုနိုင်သည့် လူကြီးများဖြစ်လာမည်ဖြစ်ကြောင်း၊ စိတ်အား၊ လက်အားကို သတိထားမိကြသည့် လူငယ်တိုင်း၏ကျေးဇူးကို စသည်တို့ကို စာအုပ်စာပေချစ်မြတ်နိုးသူအသင်းဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များ မေးမြန်းကြရာ  ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)