မိုးနဲမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

မိုးနဲ ဇွန် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပတ်စဉ် သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်တွင်လည်း  ငှားရမ်းထားသော စာအုပ်များသိမ်းဆည်းခြင်းနှင့် အသစ်ထပ်မံငှားရမ်းပေးခြင်းတို့ကို သွားရောက်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်‌ရေး၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေလေ့လာဖတ်ရှုလိုသူများနှင့် စာငှားသူ/စာဖတ်သူများ  တိုးပွားလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များကို ဌာနဆိုင်ရာများသို့ အပတ်စဉ်သွားရောက်ငှားရမ်းပေးလျက်ရှိပြီး စာကြည့်တိုက်အသင်းဝင်ကတ်ပြားမရှိသေးသူများကို အသင်းဝင်ကတ်ပြုလုပ်ပေးခဲ့ခြင်း၊ သုတ/ရသ စာပေများထဲမှ ၎င်းတို့ကြိုက်နှစ်သက်သည့် စာအုပ်/စာစောင်များကို ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)