ကမာရွတ်မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြော​ဆွေး​နွေးပွဲ ကျင်းပ

ကမာရွတ် ဇွန် ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာရေး လေ့ကျင့်ရေး အထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌  ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး​ဆွေး​နွေး ဟောပြောပွဲကို ကမာရွတ်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု အမှတ် (၃၉) မှ ဒုတိယရဲမှူး ရဲထွန်းအောင်မှ​​ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး​ ဆွေး​နွေးဟောပြောပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အသိပညာပေး ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်းလမ်း စည်းကမ်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန်လည်းကောင်း လမ်းဖြတ်ကူးလျှင် လူကူးမျဉ်းကျားမှနေ၍ ကူးရန်အချက်မီးပွိုင့် စိမ်းမှသာကူးကြရန် လမ်းဖြတ်ကူးပါက ဘယ်ကြည့်ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်လမ်းရှင်းမှ ကူးရန်ကို Video များဖြင့် ရှင်းလင်းပြောကြား​ ဆွေး​​နွေး ခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းများကိုလည်း ဝေဌ​ပေးခဲ့ကြောင်းနှင့် က​လေးငယ်များ ဗဟုသုတများ​မေးမြန်းကာ လက်​ဆောင်ပစ္စည်းများ ပြန်လည်​ပေးအပ်ခဲ့ရာ ​ဆွေး​နွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဟောပြောပွဲကို ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး  ကျန်ရှိ​နေ​သော​ ကျောင်းများတွင်လည်း​ ဆွေး​နွေး​ဟောပြောပွဲများ ဆက်ပြုလုပ်​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန် / ဆက် )