နောင်ချိုမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲများ ပြုလုပ်

နောင်ချို ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းပြီး မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း နံနက်(၁၁)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်လာမည့်ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်၍ “မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပေါင်ခန့်လန်က ကျောင်းသား၊ ကျောင်းသူလေးများ စားသောက်ကုန်များနှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကျန်းမာဖွံ့ဖြိုးစေရန် ရည်ရွယ်၍ “စားသုံးသူအခွင့်အရေး(၈)ချက်” ကိုလည်းကောင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက မေးခွန်းများ မေးမြန်းဖြေဆိုခြင်းများ ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများက ဟောပြောပွဲလာရောက်ဆောင်ရွက်မှုအပေါ် ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)