နမ့်ဆန် ဇွန် ၁၅
နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် လွှင့်တင်အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လည့် (၂)နာရီက လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးအသိပညာပေး TalkShow ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲခြင်းဆိုသည်မှာ မလိုအပ်ပဲအသုံးမပြုခြင်းကို ဆိုလိုခြင်းဖြစ်ပါကြောင်း ဥပမာအားဖြင့် နေ့ခင်းမှာ မလိုအပ်ပဲလျှပ်စစ်မီးဖွင့်ထားခြင်း၊ လျှပ်စစ်ကိုမလိုအပ်ပဲ သုံးစွဲခြင်းများဖြစ်ပါက ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားခ ပိုမိုပေးဆောင်ရတာတွေ ဖြစ်ပေါ်စေနိုင်ပါကြောင်း အိမ်တွင်းမီးများကို အတတ်နိုင်ဆုံး လျော့ချသုံးစွဲရေးစသည့် အကြောင်းအရာများ ဆွေးနွေးပြောကြားပြီး ဦးစီးအရာရှိဒေါ်နန်းထားထားလှိုင်က တစ်အိမ်လုံးတွင် မည်သူမှမရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံးပြုမှုအားလုံးကိုပိတ်ခြင်းဖြင့် လျှပ်စစ်ကိုချွေတာသုံးစွဲခြင်း ပြင်ပအလင်းရောင်ကို အသုံးပြုကာ အိမ်တွင်းလျှပ်စစ်မီးများကို အတတ်နိုင်ဆုံးလျော့ချရေးစသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)