လူငယ်နှင့်ပညာရေး အသိပညာပေးTalk Show ကျင်းပ

ပုဗ္ဗသီရိ ဇွန် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်ပညာရေးအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က လူငယ်တွေ ဘဝတိုးတက်ဖို့ ပညာရေးသည်အရေးကြီးကြောင်း၊ လူငယ်တွေပညာသင်ကြားဖို့ ဘာကြောင့်အရေးကြီးကြောင်း၊ ပညာတိုးပွားစေဖို့ လိုက်နာရမည့်အကြောင်းအရာများအကြောင်း၊ လူငယ်တွေပညာသင်ကြားကြခြင်းဟာ နိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း စသည့်အကြောင်းအရာများအကြောင်းကို စုံလင်စွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)