စဉ့်ကိုင် ဇွန် ၁၄
မန္တလးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တွင်စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ ပြည်သူများလက်၀ယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင် (ဒုတိယဦးစီးမှူး) နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃) တို့က ယနေ့နံနက် (၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် နယ်လှည့်မိုဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်၊ စာငှား ပရိတ်သတ် များအတွက် စာအုပ်စာစောင်များ အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းဖြင့် လက်၀ယ်အရောက် ၀န်ဆောင်မှုပေးလျက်ရှိရာ စာဖတ်ပရိတ်သတ်အကြိုက် စာအုပ်များအား တစ်ပတ်တစ်ကြိမ် လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၀င်း၀င်းသန်း (စဉ့်ကိုင်)