မံစီ ဇွန် ၁၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက် ၁၀ နာရီအချိန်မှ ညနေ ၄ နာရီအချိန်အထိ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာဗဟုသုတများ မြှင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ ကလေးသူငယ် အလုပ်သမားပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား လာရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)