ပန်းများလှိုင်လှိုင်‌ပေါများနေခြင်းကြောင့် ပန်းဝယ်ယူသူများအ‌ဆင်ပြေနေ

မဟာအောင်မြေ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် လမ်းပန်းဆက်သွယ်ရေးလွယ်ကူသဖြင့် တောင်ကြီး၊ ပြင်ဦးလွင်မြို့တို့မှ ရောင်းချသောပန်များ မန္တလေးမြို့နှင့်အခြားမြို့ကြီးတွေကို တိုက်ရိုက်ဝယ်ယူ ရောင်းချရန်လွယ်ကူနေမှုကြောင့် ပန်းများယခင်ကထက်အဝင်များကာ ပန်းဝယ်သူများဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ကြောင်း ပန်းရောင်းသူဈေးသည် တစ်ဦးထံမှသိရသည်။

"ကျွန်မတို့ ပန်းရောင်းလာတာ နှစ်ပေါင်းများပါပြီ၊ ဒီပန်းရောင်းချပြီ မိသားစုစားဝတ်နေရေးအတွက် ရှာဖွေနေရတာပါ။ အရင်လတွေက တစ်ရက်ကို (၁၅၀၀၀) လောက်ကျန်တယ်။အခုဆို ပန်းစိုက်ပျိုးသူများအ‌နေဖြင့် ရေသွန်းစိုက်ပျိုး‌နေခြင်း‌ကြောင့် ပန်းများလှိုင်လှိုင်ပေါနေရခြင်း၊ ပန်စိုက်ပျိုးသူများပြားနေခြင်းတို့‌ကြောင့် ပန်းရောင်းအားဟာတစ်ရက်ကို(၁၀၀၀၀)လောက်ပဲ ကျန်တယ်။ မိုးဦးရာသီလည်းဖြစ်တာကြောင့် ပန်းများအရမ်းပေါများနေပြီး ကိုယ့်အိမ်ဘုရားပန်းအတွက်ဖြစ်စေ၊ လက်ဆောင်ပေးဖို့ဖြစ်စေ ပေါပေါသီသီဝယ်ယူနိုင်တာပေါ့၊ ကျွန်မတို့က ပန်းပေါင်းစုံတင်ရောင်းချတာဆိုတော့ ဈေးဝယ်သူတွေအနေနဲ့ အဆင်‌ပြေပါတယ်။ ပန်းအမျိုးအစားတွေကတော့ နှင်းဆီပန်း၊ ဂန္ဓမာပန်း၊ ပန်းထိန်ငိုပန်း၊ သစ္စာပန်း၊ လီလီပန်း၊ သစ်ခွပန်း၊ မေမြို့ပန်း၊ ခတ္တာပန်း၊ကာနေရှင်းပန်း၊ သပြေပန်း၊ နှင်းပန်း၊ ဒေစီပန်းစတဲ့ပန်းပေါင်းစုံရောင်းချပါတယ်။ အခုဆိုပန်းတွေက‌ အရမ်းပေါပြီး ဝယ်ယူသူတွေ အနေနဲ့အရမ်းကို အဆင်ပြေပါတယ်။လီလီပန်းဆို အရင်က တစ်စီးကို (၃၀၀၀)ရောင်းရတယ်။ အခုဆို တစ်စီးကို (၂၅၀၀)ပဲရောင်းတာပါ။ အခြားပန်းတွေလည်း ဈေးလျှော့ရောင်း‌နေပါတယ်" ဟု ပန်းရောင်းသူ ဒေါ်ညိမ်းညိမ်းအိထံမှ သိရသည်။

ပန်စိုက်ပျိုးသူများက ရေသွန်းစိုက်ပျိုး‌နေခြင်း‌ကြောင့် ပန်းများလှိုင်လှိုင်ပေါနေရခြင်း၊ ပန်စိုက်ပျိုးသူများပြားနေခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်နေခြင်းတို့‌ကြောင့် ပန်းများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားပြီး ကျွန်မတို့အနေဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ပန်းများဝယ်ယူနိုင်ရန် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း