ကျိုင်းလပ် ဇွန် ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက ဟောပြောပွဲများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်အချက်များစသည့်တို့ကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် သက်ဆိုင်သည့်မှတ်တမ်းဓါတ်ပုံများ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)