နောင်ချို ဇွန် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းများတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကျောင်းသားကျောင်းသူလေး များ စာပေကိုချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်ရှိလာမည့် ဆိုးကျိုးများကိုသိရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပေါင်ခန့်လန်က ကျောင်းသား၊ ကျောင်းသူလေးများ စားသောက်ကုန်များနှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကျန်းမာဖွံ့ဖြိုးစေရန် ရည်ရွယ်၍ စားသုံးသူအခွင့်အရေး (၈)ချက် ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများက ကျေးဇူတင်စကားအသီးသီးပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက စာအုပ်စာစောင်များဖတ်ရှုခြင်း၊ ငှားရမ်းခြင်းများကို ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်းနှင့် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လစဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)