ပုဇွန်တောင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပုဇွန်တောင် ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီက  အဆိုပါရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများ၊ မူးယစ်ဆေးကြောင့် လူငယ်များ မူးယစ်နွံထဲမရောက်အောင် ဆေးလိပ်၊ အရက်အစပြုမသုံးစွဲမိရန်၊ မူးယစ်ဆေးဝါးကို ဝေးဝေးမှရှောင်ရှားရန်နှင့် မူးယစ်ဆေးဝါးသည် လူသားများကို အညွန့်တုံးစေကာ မိသားစုအလိုက် ဘဝပျက်စေသောကြောင့် စမ်းသပ်မှုမပြုလုပ်ကြရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

၎င်းဟောပြောပွဲကို ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသော အထိမ်းအမှတ်အားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  

ဟန်စုယဉ်