နမ့်စန်(တ) ဇွန် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အခြေခံပညာကျောင်းများ၏အခြေခံ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင် ၊အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ညီညီဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျမူးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက် အလက(ခွဲ)၊ ရေငုပ် အမက၊ အမှတ်(၂)ရပ်ကွက် အမက၊ အထက (နမ့်စန်)၊ အမှတ်(၃)ရပ်ကွက် အလက(ခွဲ)၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့မအထကနှင့် မြို့ဦးအထက(ခွဲ) ကျောင်းများနှင့် အမှတ်(၅)ရပ်ကွက် အထက(ခွဲ) ကျောင်းသို့သွားရောက်ပြီး သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားနေမှုအခြေအနေနှင့် လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ သောက်ရေ/သုံးရေ၊ စာသင်ခုံ၊ အုတ်တံတိုင်း၊ အိမ်သာ၊ ဆိုင်ကယ်ရပ်နား ရန်နေရာ စသည်တို့နှင့် ကျောင်း၏အခြားအခြေခံလိုအပ်ချက်များကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို အမြန်ဆုံးပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်အခြေခံပညာကျောင်း (၁၂၈) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်း စုစုပေါင်း(၁၃၁)ကျောင်းရှိပြီး ဇွန်လ ၁၃ ရက်နေ့အထိ တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၆၆၀၂ ဦး ရှိကြောင်းနှင့် ထပ်မံလာရောက် အပ်နှံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်