မိုင်းနောင် ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ပြန်/ဆက်ဦးစီးဌာနရုံး Community Center တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သည့်အသိပညာပေးစာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာသိကောင်းစရာများ၊ စွန့်ပစ်အမှိုက်ညစ်ညမ်းမှုအကြောင်းသိကောင်းစရာများ၊ ကျန်းမာရေးအသိပညာပေးစာစောင်များ၊ လူထုအခြေပြုဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ယခုပြသဆောက်ရွက်ထားသောပြခန်းကို (၁၄.၆.၂၀၂၂) ရက်နေ့မှ (၂၆.၆.၂၀၂၂)ရက်နေ့ထိပြသထားမည်ဖြစ်ပြီး ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ နေ့စဉ်လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)