ဝမ်းတွင်း ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် နို့တိုက်မိခင်နှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်မှစတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု ဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း Covid19ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၅)နှစ်မှ(၁၅)နှစ်ကြားရှိ ကျောင်းသားကျောင်းသူများ၊ အသက်(၅)နှစ်မှ (၁၅)နှစ်ရှိကျောင်းပြင်ပ(ကျောင်းမနေသူများ)၊ အသက်(၁၅)နှစ်အထက်ရှိသူများ၊ နို့တိုက်မိခင်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး ယနေ့နံနက်တွင် Sinopharm First Dose Phase-11(၁၀၀)ဦး၊ Myancopharm First Dose Phase-11(၃၀)ဦး၊ Zeneca Second Dose Phase-10 (၆၁၀)ဦး၊ စုစုပေါင်းပြည်သူ(၇၄၀)ဦးအား Covid19 ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)