ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဖိနပ်ချုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

ကျောက်ဆည် ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့်ပူးပေါင်းပြီး ယနေ့နံနက် (၁၀) နာရီက ဖိနပ်ချုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရှိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် အိမ်တွင်းမှုလက်မှုပညာများ တတ်မြောက်ထားခြင်းဖြင့် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ချက်များဖြင့် ဖိနပ်ချုပ်နည်းသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်နွဲ့နွဲ့ရီက ဖိနပ်ချုပ်ပုံအဆင့်ဆင့် ပြုလုပ်နည်းများကို ရှင်းလင်းပြေကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ များအား လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၃) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်လ (၁၄) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၂) ရက် ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များအကျိုးရှိစေရန်အတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်း၊ အေရိုးဗစ်သင်တန်း၊ ဖန်စီအိတ်ထိုးနည်းသင်တန်း၊ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းများ (အခမဲ့) ဖွင့်လှစ်ပေးခြင်းများအပြင် ပြည်သူများ အသိပညာပိုမိုရရှိစေရေး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး ကဏ္ဍများအကြောင်း အွန်လိုင်းမှတစ်ဆင့် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)