ဝိုင်းမော် ဇွန် ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးမှ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဆောင်ရွက်ထားရှိမူ အနေများကို ပြောကြားပြီး၊ ဝိုင်းမော်မြို့နယ်ရှိ ဌာနဆိုင်ရာအကြီးအကဲများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူအဖွဲ့နှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ထင်လင်းထွန်းမှ လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကြည်ထွန်းမှ ဝိုင်းမော်မြို့နယ်တွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီး ဖြစ်ပေါ်လာပါက အချိန်မီဆောင်ရွက်နိုင်ရန်နှင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်ဆောင်ရွက်ကြရန် ပြောကြားကာ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝနရှိသူများက ဆောင်ရွက်ထားရှိမူ အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဖြူစင်