မြစ်ကြီးနား ဇွန် ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သင်းအောင်က သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆောင်ရွက်ထားရှိမူ အခြေအနေများအား ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူအဖွဲ့နှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်။
ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ဆွေးနွေးတင်ပြမှုများ ဆောင်ရွက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)