(၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုရှင် စာရေးဆရာ အကြီးကိုကို(ကသာ)အား မြစ်ကြီးနားမြို့နယ် စာရေးဆရာအသင်းမှ ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား ဇွန် ၁၄

ပြိုပျက်ခဲ့သော သက္ကရာဇ်များ စာအုပ်ဖြင့် (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုရရှိသည့် စာရေးဆရာ အကြီးကိုကို(ကသာ)အား မြစ်ကြီးနားမြို့နယ် စာရေးဆရာအသင်းမှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ရန်နိုင်ဘုန်းမြှင့်က အဖွင့်မုဒိတာစကား ပြောကြားခဲ့ပြီး (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုရှင် စာရေးဆရာ အကြီးကိုကို(ကသာ)အား မြစ်ကြီးနား မြို့နယ်စာရေးဆရာအသင်းမှ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် စာရေးဆရာ အကြီးကိုကို(ကသာ)က ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်ပေးခဲ့သည့် စာရေးဆရာ အသင်းဝင်းများအား ကျေးဇူးတင်စကား ပြောကြားပြီး (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုရရှိသည့် ပြိုပျက်ခဲ့သော သက္ကရာဇ်များ စာအုပ်ကို တက်ရောက်လာသည့် မြစ်ကြီးနားမြို့နယ် စာရေးဆရာအသင်းဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။

ယော်ဆောင်(ပြန်/ဆက်)