ပျော်ဘွယ် ဇွန် ၁၄
၂၀၂၂ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉) နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဦးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗဟုသုတရရှိစေရန် အတွက် အလေးထားမှတ်သားနိုင်ရေးကို ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်ရှိ မိတ်ဆွေ သူငယ်ချင်းများ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးအတွက် လိုက်နာဆောက်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း ပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ဆောင်ရန်၊ရှောင်ရန်နှင့် လိုက်နာရမည့်အချက်များ စသည့်နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ က လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)