ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကြီးပွားချမ်းသာနည်းအဖြာဖြာစာအုပ် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် ကြီးပွားချမ်းသာနည်းအဖြာဖြာစာအုပ်အား ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူတိုင်းကြီးပွားချမ်းသာစေချင်ကြောင်း၊ ထို့ကြောင့် ကျေးလက်များတွင်နေထိုင် သည့် ပြည်သူများ လိုက်နာသင့်သည့် လုပ်နည်းလုပ်ဟန်များ၊ မြို့ပြနေပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ကြီးပွားချမ်းသာစေမည့် စည်းကမ်းများ၊နည်းလမ်းများ၊ အနုပညာရှင်များ ကြီးပွားချမ်း သာစေမည့် လုပ်ရပ်များ၊ ဓနဥစ္စာများပျောက်ပျက်ခြင်းမှ ကာကွယ်နည်းစနစ်များအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်

ထို့နောက် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က ကြီးပွားချမ်းသာနည်းအဖြာဖြာစာအုပ်တွင်ပါရှိသော တောင်သူလယ်သမားတွေ ချမ်းသာဖို့ ဒီလိုလုပ်ကြစို့၊ လမ်းရိုးပေါ်တွင်အဆန်းထွင်၊ လူတိုင်းအတွက် အရေးအကြီးဆုံးပညာ၊  တက္ကသိုလ်တွင် မသင်ယူခဲ့ရသည့်ပညာ၊ ဘာကြောင့်ဆင်းရဲနေကြသလဲ၊ သူတို့ဘာကြောင့်ဒီလောက် ချမ်းသာနေကြသလဲ၊  အရှုံး မရှိသောရင်းနှီမြှပ်နှံမှု၊ အောင်မြင်မှုလမ်းစမှာအခြေပြုပါ၊ ဘတ်ဂျက်အတွင်း နေထိုင်ခြင်း၊ ဓနဥပဒေသငါးရပ်၊ ဘာကြောင့်မကြွယ်ဝကြသလဲ၊ အောင်မြင်သူတို့၏အောင်မြင်ရေး နည်းလမ်းများ၊ အလုပ်တိုင်းအတွက်အဓိက အရည်အချင်း၊ ငွေနောက်ကလိုက်နေသူ စသည့် အကြောင်း အရာများအားရှင်းလင်းပြောကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ များက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)