မိုးကောင်းချောင်းရေ စိုးရိမ်ရေအမှတ်အထက် အနည်းငယ်ကျော်လွန်

မိုးကောင်း ဇွန် ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် နန့်ရင်းချောင်းရေအမှတ် (၆၀၂)စင်တီမီတာနှင့် နန့်ကောင်းချောင်းရေအမှတ် (၅၇၄)စင်တီမီတာသို့ ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဇွန်လ (၁၄)ရက် နံနက် (၆)နာရီခွဲအချိန် တိုင်းထွာချက်အရ သိရသည်။

မိုးကောင်းချောင်းရေ၏ စိုးရိမ်ရေအမှတ်မှာ (၆၀၀)စင်တီမီတာဖြစ်ပြီး ဇွန်လ (၁၃)ရက် ညနေ (၆)နာရီအချိန် တိုင်းထွာချက်အရ (၅၈၂)စင်တီမီတာမှ စင်တီမီတာ (၂၀)တိုးလာပြီး ရေပြင်အနည်းငယ် တက်လာကြောင်း သိရသည်။

အဆိုပါရေပြင်တိုးလာမှုကြောင့် ချောင်းနှင့်ထိစပ်သည့် မြေနိမ့်ပိုင်းအချို့ နေရာများတွင် ရေအနည်းငယ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)