ပင်းတယ ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှMobile Library စနစ်ဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့စာအုပ်၊ စာစောင်များကို အခမဲ့ သွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့်မအားလပ်၍ အချိန်မပေးနိုင်သည့်အတွက် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်/စာငှားပရိသတ်များအတွက် သုတ၊ရသစာအုပ်၊စာစောင်များအား အလွယ်တကူ ငှားရမ်းဖတ်ရှု နိုင်စေရန် ရည်ရွယ်ပြီး Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စာအုပ်၊စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်းဖြစ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းနှင့်အသစ်လဲလှယ်ပေးခြင်းတို့ကို တစ်လတစ်ကြိမ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးလတ်