တောင်ဥက္ကလာပ ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်မှ အသက် (၁၂) နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေ း(Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ အမှတ်(၃၁) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူး ဦးစိုးညွန့်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးမိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၅)နှစ်မှ အသက်(၁၂) နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံသူ ကျောင်းသား၊ ကျောင်းသူ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ (၈၈)ဦး၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းမှ (၂၀)ဦး၊ အမှတ်(၂၀) အခြေခံပညာမူလတန်းကျောင်းမှ (၇၄)ဦး၊ အမှတ်(၃၁)အခြေခံပညာမူလတန်းကျောင်းမှ (၁၀၂)ဦး၊ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်းမှ (၈၆)ဦးနှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းမှ (၁၀၀)ဦးတို့အား အမှတ်(၃၁)အခြေခံပညာမူလတန်း ကျောင်းစုရပ်နှင့် အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ အသီးသီးထိုးနှံပေးခဲ့ပြီး စုစုပေါင်း (၄၇၀)ဦးအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။
ခင်ဆွေနှင်း